24hrs Girl

November 24, 2007

In the morning, I wake up and begin to think about you
Cause I love you.
At the work time, you again in the paper
Cause I miss you.
In the evening, you make me upside down
Cause I care you.
In the night, you are my dream guide
Cause I adore you so

Read More...

ရှရှားလုပ်မော်တော်ဆိုင်ကယ်

November 23, 2007



ဆိုင်ကယ်ဆိုပေမယ့် တစ်မိသားစုလုံး စီးလို့ရတယ်နော်..

Read More...

တူစရာရှားလို့ နော် :(

November 16, 2007

http://www.myheritage.com/collage

Read More...

အယူအဆလေးများ

November 12, 2007

ကျွန်တော်ဟာ စစ်သားအရင့်အမာကြီး မဟုတ်ပေမယ့် ကျွန်တော့အတွေ့အကြုံလေးကို ပြောပြခြင်ပါတယ်။ သူငယ်ချင်းဘော်ဘော် တွေဆိုကြုံဖူး ခြင်ကြုံ ဖူးကြမှာပါ။ ကျောင်း ဆင်းပြီးတော့ ကျွန်တော်တို့ဟာ လက်တွေ့ ဘ၀ အတွေ့အကြုံ တွေပေးမဲ့တပ်ရင်းတပ်ဖွဲ့တွေ ရောက် ကြပါတယ်။ဒီ လိုနဲ့တပ်ရောက် ပြီးမကြာခင် မှာ ကျွန်တော်တပ် တာဝန် ထမ်းဆောင်နေတဲ့ တာချီလိတ်နဲ့ သိပ်မဝေးတဲ့ မြန်မာ-ထိုင်း နယ်စပ်ကို ရောက်ခဲ့ပါတယ်။ အဲဒီ ကျွန်တော် ရောက်ခဲ့တဲ့တပ်စခန်း မှာ ဧည့်တဲ တစ်လုံးကို စခန်းအ၀င်ဝ နားမှာဆောက် ထားတာရှိပါတယ်။ တစ်နေ
ကျွန်တော်နဲ့ တတပ်တည်း တာဝန်ကျတဲ့ ဘော်ဘော် နှင့် ဧည့်တဲ မှာထိုင်ပြီး စကားတွေ(@#$^*&) ပြောနေရင်နဲ့ ကျွန်တော် ဟာ တဲထဲက စားပွဲကို ဘာရယ်မဟုတ် ခေါက်ပြီးပြောနေ မိပါတယ်။ ဒါအမှတ်မထင် မေ့မေ့ ပြောက်ပြောက် ပါပဲ။ နောက် နေ့မနက်မှာ တပ်ရင်းမှူး အလုပ်ရှုပ်တော့တာပဲ ဘာလို့လဲဆိုတော့ စခန်းပတ်ဝန်းကျင်နားက ရွာက ရွာသူတစ်ယောက် ကို ထိုင်းဘက်ခြမ်း က ရွာက ရွာသားတစ်ယောက်က တူမီး (လက်လုပ်သေနတ်) နဲ့ပစ် ပြီး ဆိုင်ကယ် လုဖို့ ကြိုးစား တာကိုလာတိုင် တာ ။ တစ်နေ့လုံး တပ်ရင်းမှူး ခေါင်းခြောက် သွားလောက် တယ်။ကျွန်တော်လည်း ဘယ်ရမလည်း ဘယ်သူမှ မပြောပဲနေလိုက်တာပေါ့..။ တပ်ရင်းမှူး သာသိခဲ့ရင် အဆူခံရမှာသေချာပါ ပဲ ။အဲဒါခုံခေါက်တဲ အတွေ့အကြုံ ပါ။
ဒုတိယအတွေ့အကြုံလေးကတော့ ကျွန်တော်စီးတဲ့ တောစီးဖိနပ် ကိုလျှော် လိုက်မိလို့ ပါပဲ။ တောစီးဖိနပ် ကိုလျှော်ပြီး လှန်ထားတဲ့အချိန်မှာ ပဲ ဆရာကြီးတစ်ယောက်ရဲ့ အသံကိုကြားလိုက် ရပါ တယ်“ဟေ..ဘယ်သူဖိနပ်လျှော်ထားလဲမသိဘူး..ဟေ..ဟေး”ဆိုပြီးအော်တာကို။ ဘာလို့ဒီလိုပြောတာလဲပေါ့ စဉ်စားမိပါသေးတယ်။ ညနေ ၅း၀၀ လောက်မှာတော့ တပ်ရင်းမှူးက ကျွန်တော်ကိုခေါ် ပြီး “ မင်းအခု ပဲတိုင်းမှူး ခရီးစဉ်ရှိ တယ် လမ်းလုံခြုံရေး ထွက်ရ မယ် ” လို့ပြောတော့ တာပဲ။ ဖိနပ်တောင် လျှော်ထားတာ သိပ်မခြောက်သေး ဘူး အဖြေက ထွက်တော့တာပါပဲ ။ လမ်းမှာ မနက် ကပြောတဲ့ ဆရာကြီး က ဗိုလ်ကြီးတို့ ကဒါတွေ ဘယ်သိ အုံးမလဲ လို့နားလည်ပေးရှာ ပါတယ်။ဒါလေးတွေကို တိုက်ဆိုင်မှု ပဲ ပြောပြော၊ အယူအဆလေးတွေ လို့ပဲ ပြောပြော ကျွန်တော်ကတော့ ကိုယ်တိုင် ကြုံ ပြီး မှတ်မှတ် သားသား ဖြစ်ခဲ့ပါတယ်။

Read More...

How much is your blog worth

November 4, 2007


My blog is worth $2,258.16.
How much is your blog worth?



ဘလော့ခ်တွေလျှောက်ကြည့်ရင်းနဲ့ ထူးထူးဆန်းဆန်း ဘလော့လေး တွေ့လို့ စမ်းကြည့်လိုက်တော့ ဘလော့တန်ဖိုး ဘယ်လောက်ရှိလဲ ဆိုတာလေးပါ။“ How much is your blog worth ” သင့်ဘလော့ခ်ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ တွေ့တာနဲ့ ကျွန်တော်လည်း စမ်းသပ်ကြည့်လိုက်ပါတယ် .. ။ မဆိုးပါဘူး … ။ ပျော်ဖို့ကောင်းတာပေါ့။အပြင်မှားအဲလောက် ၀င်ငွေရှိရင် မဆိုးဘူး...ဟဲ..ဟဲ...ကစားလို့ကောင်းပါတယ် .. ။

ဒီလင့်ခ် ကနေ သွားရောက်စမ်းသပ်ကြည့်နိုင်ပါတယ် .. ။

Read More...

mobile wallpapers

Image Hosted by ImageShack.us


ကျွန်တော် ပြီးခဲ့တဲ့ လ က ပို့တွေ သိပ်မတင် ဖြစ်ခဲ့ဘူး....
ဘာ လို့လည်းဆိုတော့ အင်တာနက် မကောင်းတာ က တစ်ကြောင်း ၊ မအားတာက
တစ်ကြောင်း ပေါ့.. ပြီးတော့ ဘလော့ ကို ကလိတာ readmore က အလုပ် မလုပ်တော့
တာ နဲ့ စိတ်ညစ် နေတာ လဲပါတာ ပေါ့ နော်.... ခုတော့ အားလုံး အဆင်ပြေ သွားပါပြီး..
ဒါနဲ့ ပို့ အသစ်တင်မယ် ဆိုပြန်တော့ ဘယ်ပို့ တင်ရမှန် မသိတာနဲ့ စဉ်းစားရင်က ကိုယ်မှာ
ရှိတာ လေးပဲပေး တာ ကောင်းမယ် လို့ တွေးမိပြီး ဒီ mobile wallpapers လေးတွေပဲ
တင်ပေး ဖြစ်တော့တယ်...ဒီမှာ
ယူ လိုက် ပါ....

Read More...

ဘော်ဘော်တို့ အတွက်

November 3, 2007

သူငယ်ချင်း ဘော်ဘော်တို့ အတွက် စစ်သီးချင်းတွေ ကို ဘလော့ ရဲ့
ဆိုဒ်ဘား မှာ နားထောင်လို့ရအောင် လင့်တွေ တင် ထားပါ တယ်.....
ဘော်ဘော် တို့ ကြိုက် မယ်ထင် ပါတယ်.....
ကျွန်တော် ဆီက တောင်းနေ တဲ့ သူငယ်ချင်း ဘော်ဘော်များ လဲ ဒီကပဲ
ယူလိုက် တော့ နော်.........ဒေါင်း ခြင်းယင် တော
http://www.mediafire.com/?7tfzxsmzrzj
http://www.mediafire.com/?1iyn42leyrp
http://www.mediafire.com/?0uazy32t9xo
http://www.mediafire.com/?bdtdnm2ey0t
http://www.mediafire.com/?8j0dh53rmyz
http://www.mediafire.com/?cemtmammmzi
http://www.mediafire.com/?byxtdmmdypv
http://www.mediafire.com/?bfxnhxd0xns
http://www.mediafire.com/?2mbr2mnmzit


Read More...

ဘယ်သူလွန်လဲ..

October 19, 2007

လက်တွေ့သမား


"ရှင်က ကျွန်မကို တကယ်ချစ်လို့ လား"

"ချစ်တာပေါ့"

"ကျွန်မသေရင် ရှင်ငိုမှာလား"

"ငိုမှာပေါ့"

"ဘယ်လောက်ငိုမှာလည်း၊မယုံပါဘူးနော်၊ လက်တွေ့ငိုပြ"

"ဒါဆို အရင်သေပြလေ"


Read More...

အိုရှက်လိုက်တာ

October 13, 2007

စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာမီရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ပဲ ကျယ်လောင်သောသေနတ်ပစ်သံများကို ကြားလိုက်ရသည့် အခါ ချစ်သူမိန်းကလေး


တုန်လှုပ်လန့်ဖျံသွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏။သူတို့နားက စစ်သားများ ပြုံးကြလေ၏ ။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှရုန်းထွက်လိုက်၏။"ဒီလောက်ထိ လန့်သွားမယ်လို့ မထင်မိဘူး၊ ရှက်လိုက်တာကွယ်"ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့်ဆက် ပြောလိုက်၏ ။"ကဲအချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်တဲ့ နေရာ သွာကြရအောင်" တဲ့။


Read More...

ကာတွန်းလေးများ

September 16, 2007



Go to ImageShack® to Create your own Slideshow

Read More...

လူငယ်နှင့်လူကြီး

လူငယ် - " လောကမှာ မောဟတွေ များနေတယ် "
လူကြီး - " အင်း ဟုတ်တယ်ကွ "

လူငယ် - " လောဘလေး နည်းနည်း လျော့သင့်တယ် "
လူကြီး - " မှတ်သားလောက်ဖွယ်ပါပဲ "

လူငယ် - " ပြောပြရင် ဒေါသ မထွက်သင့်ဘူး"
လူကြီး - " အင်း ဒါပေါ့ "

လူငယ် - "အန်ကယ့်သမီးကို ကျွန်တော် ချစ်နေတာ ကြာပြီ် "
လူကြီး - " ခွေးကောင်လေး $*&@^#$ "

Read More...

သူလည်းချစ်တတ်မှာပေါ့

. အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော ဘာသားနဲ့ထုထားတာမို့လဲ..
. . .

... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...

ဟယ်တော့..
ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရ ကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။ တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကို ရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့ တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။

ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊ ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။ အဲဒီကတည်းက အရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ ကံကောင်းလိုက်ပုံများကတော့ ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ ရှေ့တည့်တည့်မှာတော့။ ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ စုတ်ရော လာဘ်ရောဝင်ကိန်းရှိတယ်တဲ့။ အို.. လာဘ်မ၀င်ရင် နေပလေ့စေ၊ စုတ်ဝင်ရင်ပြီးရော။ အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။ ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့ အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေ ကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်သုံးခေါက် ဖြတ်လျောက်ပြစ်တာ၊ တို့ကို မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ ချောစုခင်လို အသံကုန်ပဲ အော်လိုက်ချင်တော့တယ်။

ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။ ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်က ပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့ ၁၈ ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့် တို့ရဲအသည်းလေး မသိစေနဲ့။ ကောင်လေးရဲ့မွေးနေ့ကိုတော့ နည်းမျိုးစုံသုံးပြီး စုံစမ်းလိုက်တာ တို့သိသွားပြီ။ မွေးနေ့ကျရင် သူလေးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျ တွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။ တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး ဘုရားသွားကျောင်းတက် အတူတူ ပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ မဝေးတော့ပါဘူး။

အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။ လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲ ရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင် ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင် မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက် ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းက မိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော ဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ.. ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ နှလုံးငြိမ်မှာပေါ့။

ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင် မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။ သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်း ဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်း လှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှ သေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။ သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...

တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ သူ့စာပွဲရှေ့ ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ နှစ်ခုရောထားတဲ့ မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။
"ဟေ့ ယူ.." လို့ တို့ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ဆုံးခေါ်၊ လက်ထဲက ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး.. ".. ရော့..စိတ်ညစ်နေရင် ဒါလေးစားလိုက်ပါလား.. "

"အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်.."

အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...

အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..

Read More...

ချစ်အဓိပ္ပာယ်

September 14, 2007

Love (အချစ်) ဟူသည်...
L..Lake of sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O..Ocean of tears (မျက်ရည်သမုဒ္ဒရာ)
V..Vallery of death (မရဏတောင်ကြား)
E..End of live (ဘ၀နိဂုံး) ပါတဲ့။
ပြန်သိမ်းရန်

Read More...

မြန်မာတို့ရဲစေတနာ

September 7, 2007

မော်လမြိုင်မှ နေပြည်တော်သို့ လာခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ရထားပေါ်


တင်ပဲ ဗိုက်နာပြီးကလေးမွေးတော့.. ရထားပေါ်ခရီးသည်တွေက သူတစ်ထောင် ငါတစ်ထောင် မျိုးနိုင်သလောက် ကူညီ လှူ ဒါန်းကြတာတွေ့ရပါတယ်။ အားလုံး ၁သိန်းလောက်ရသွားမယ်ထင်ပါတယ်။ မော်လမြိုင် နေပြည်တော် ရထားက တွဲဆိုင်း ၃ ဆိုင်းသာရှိပါတယ်။မိခင်ရောကလေးပါကျန်းကျန်းမာမာပါဘဲ။ သို့သော်လည်း သူတို့ကြည့်ရတာ နွမ်းပါးတဲ့ပုံပါ။ အနှီးတွေ ဘာတွေလည်းမရှိ။ ရထားစီးခရီးသည်တွေက လုံချည်တွေပေးကြ။ အဲဒီလုံချည်တွေကိုပဲ အနှီးအဖြစ်ထုပ်ထား။ရထားပေါ်မွေးတဲ့ကလေးကို ရထားစီးခရီးသည်တွေက ပဲ အမည် ပေးလိုက်ကြတာ က နေပြည်တော်တဲ့။အဖ-မောင်ဘထွန်း အသက် ၂၃ နှစ်အမိ-မ စုလှိုင် အသက် ၂၃ နှစ်ကလေး- မောင်နေပြည်တော်.မွေးရာဌာန..မော်လမြိုင် - နေပြည်တော် အစုန် ၁၈ . ဒုံးဝန်း ဘူးတာ အနီးမွေးနေ့... ၂၀-၆-၂၀၀၇ (နံနက် ၁၀ နာရီ- ၁၀ မိနစ်)အမှတ်တမဲ့ခရီးမှ အမှတ်တရ ဖြစ်သွားတာက အကူအညီ လိုရင် လျှင်စွာမနှေး ကူညီပေးတာ တို့မြန်မာတွေရဲ့ စေတနာ အမှန် ပဲ မဟုတ်လား။

Read More...

i miss u

September 6, 2007


Miss You! - More free videos are here

Read More...

online မှလည်းအချစ်စစ်ပါ

September 5, 2007

နေ့တိုင်းလိုလို
မြင်နေရတဲ့ နတ်သမီးလေး ရယ်...
online ပေါ်မှာ
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းအား
ပြောလိုက်မိတာ
အပစ်တဲ့လား....

အပြင်မှာတကယ်ဆုံဖို့
အခွင့်အလမ်း
နည်းပါခဲ့လို့
မယုံသင်္ကာံ
ဖြစ်ခဲ့ရသလား
နတ်သမီးလေး ရယ်...

ရေ၊ မြေခြားထား
မင်း နဲ့ ကိုယ့်ကြား
ဝေးနေပေမယ့်
စိတ်ချင်းကတော့
ွှနှီးစပ်ကြစို့နော်.......


ပြန်သိမ်းရန်

Read More...

September 4, 2007

ချစ်သူဒိုင်ယာလောစ့်


ကိုကို..ကိုချစ်ပါသလား

ချစ်ပါတယ်ကိုကိုရယ်

ဘယ်လောက်တောင်ချစ်ပါသလဲ

မိုးလောက်ကြီးချစ်ပါတယ်.

ဘယ်လောက်ကြာကြာချစ်မှာလည်း

ကမ္ဘာတည်သ၍ချစ်ပါမယ်

နတ်ပြည်သွားရင်ကော

လိုက်မှာပေါ့

ငရဲပြည်သွားရင်ကော

လိုက်မှာပဲ

မြို့ထည်ကအနှိပ်ခန်းတွေသွားရင်ကော

သွားရဲသွားကြည့်..အကြောင်းသိမည်



Read More...

စက္ကူရုပ်ခေါက်နည်း software လေး


“ပစ္စည်းကောင်းလေးရထားတယ်” လို့ပြောလို့ရပါတယ်..
အပြင်းလည်းပြေ တယ် ၊ ပျော်စရာလည်းကောင်းတယ် မိန်းကလေးတွေဆို ပိုကြိုက်မယ်
ထင်ပါတယ်..ယောကျာ်းလေးတွေ ကတော့ ကိုရီယားရုပ်ရှင်တွေ ထဲကလို ကိုယ့်ရည်းစားကို
အသဲပုံ လှလှလေးတွေ ခေါက်ပေးခြင်ရင်အဆင်ပြေတာပေါ့..


သူငယ်ချင်းတို့အသုံးတဲ့ရင် တင်ပေးရကျိုးနပ်ပါတယ်..
software လေးကိုတော့ ဒီလင့် လေးမှာယူလိုက်ပါ. http://depositfiles.com/ru/files/1312073
အဆင်ပြေကြပါစေ..

Read More...

အဝေးရောက်ကန်တော့ခြင်း

August 31, 2007

ဟိုအရင်
မွေးမေနှင့်နီးပါသော်လည်း
ဂရုမထားအမေ့ချစ်ခြင်း
ဘာမှန်းမသိခဲ့...
မွေးမေနှင့်နီးပါသော်လည်း
သတိထားကာအခါရက်ကြီး
ဘာမှန်းမသိ...
မွေးမေနှင့်ဝေးသောခါမှ
အမေ့ချစ်ခြင်း ဘာမှန်းသိခဲ့
အခါရက်ကြီး ဘာမှန်းသိခဲ့
ဘာမှန်းသိလည်း ရောက်နေခဲ့ပြီ
အဝေးတနေရာ
အခုတော့
ဝေးမှသိတဲ့သားမို့
အခါရက်ကြီးသူများနည်းတူ
လက်စုံမိုးကာ ကဗျာလေးနှင်
့ကန်တော့ပါ၏။
အဝေးရောက်သား....
ဒီကဗျာကိုကျွန်တော် နယ်စပ်မှာတာဝန်ကျနေချိန် သင်္ကြန်တွင်းမှာရေးခဲ့တာပါ။


Type the rest of your post here.

Read More...

အဖေ့ဆီသို့

August 30, 2007

သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်တစ်ခုပါ။အဖေသိနိုင်ပါစေ...
သားစာမေးပွဲအောင်တယ် အဖေ. ဒါကို အဖေ မသိနိုင်တော့ဘူးနော်။ သား စစ်တက္ကသိုလ်တက်မယ် အဖေ။ အဖေဖြစ်စေချင်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်အောင် သားကြိုးစားမှာပါ။အဖေကို မြင်စေချင်တယ် အဖေရာ.. သားကျောင်းဆင်းပွဲမှာ အဖေ့ကို ရှိစေချင်လိုက်တာ။ အမေကတော့ အပြုံးတွေက မျက်ရည်တွေနဲ့။ သားတာဝန်ကျတဲ့နေရာက
သားတို့မြို့လေးကနေ သဘောင်္တစ်တန်၊ ကားတစ်တန်ပေါ့။ အဖေရေ..

.သား ရှေ့တန်းထွက်ရတော့မယ်။ သား ရင်ထဲမှာ အဖေကို ပြောချင်နေတယ်။ အဖေဖြစ်စေချင်တဲ့အရာရှိတစ်ယောက်သားဖြစ်လာပြီ။ အဖေရေ ရှေ့တန်းမှာကတော့ အဆင်ပြေလားလို့မေးရင်တော့ ဒီလိုပါပဲပြောရမှာပေါ့။ ရက်တွေလတွေ ကုန်လာပြီ အဖေ။ သားတာဝန်ချိန်ပြီးဆုံးလို့
သား သင်တန်းတက်ဖို့ကြေးနန်းဝင်လာပြီ။ သားအရမ်းပျော်တာပဲ အဖေရာ.. အမေနှင့် ညီထွေးကို သားတွေ့ရတော့မယ်။ သား အပြန်လမ်းမှာ အပျော်တွေနဲ့ ရန်ကုန်မှာသင်တန်းတက်ရမယ်တဲ့။ သား သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံရတော့မယ်။ မြို့လေးတစ်မြို့ကိုရောက်ဖို့ မိုင်(၂၀)ပဲလိုတော့တယ်။ သား uniform ကတော့ ညစ်ပတ်နေပြီ အဖေရာ
မတတ်နိုင်ဘူးလေ ဒီလိုပဲ မြို့ထဲကို ၀င်ရတော့မှာပေါ့။ အဖေ.. သားမျက်လုံးတွေ ပြာသွားတယ် အဖေ.. အဖေ..သားဘေးကိုရောက်လာတာလား။ သား သိလိုက်တဲ့အချိန်မှာသားရောက်ချင်တဲ့ ရန်ကုန်ကိုတော့ရောက်နေပြီ အဖေ။ အမေကတော့ သားဘေးမှာ မျက်ရည်တွေနဲ့။ သား ဘေးမှာ သားတွေ့ချင်တဲ့
သားသူငယ်ချင်းကျောင်းဆင်းဖက်တချို့ကိုတွေ့တယ်။ ဒါပေမယ့် သံလွင်ရောင် Uniform နဲ့တော့ မဟုတ်ဘူး အဖေ။ ပြာဖျော့ဖျော့ ၀တ်စုံလေးတွေနဲ့။ စောင်ဖုံးထားတဲ့နေရာကကုတင်နဲ့တိုက်ရိုက်ထိနေတာ အဖေ။ သားကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်ရဲတော့ဘူး။ အမေကတော့ သားနဖူးလေးကို ပွတ်ပြီး ဘုရားစာတွေရွတ်နေပြီ။
သားမျက်ရည်တစ်ချက်ကျမိတယ်။ ဒါပေမယ့် သား ဒီလိုခံစားနေရပေမယ့် သား ၀မ်းမနည်းတော့ ပါဘူး။ သား တာဝန်ကို သား တာဝန်ကျေအောင် သားလုပ်ခဲ့ပါတယ်။ သားဒီလိုခံစားနေရပေမယ့်... အရာရှိတစ်ယောက်ပါ အဖေ။ သားအသက်နှင့် ခန္ဓာကို သား ပေးထားပြီးမှ သား စစ်ထဲဝင်လာတာလေ။ အဖေ... သားတာဝန်ကျေပါတယ်နော်။ သားကို
ပြုံးပြနေမယ်လို့ သားမျှော်လင့်ပါတယ်။

Read More...

မိုင်မြန်မာ ယူနီကုတ်စနစ်ကို အသုံးပြု၍ ကွန်ပျူတာWindows စနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်မည့်အစီအစဉ်

မိုင်မြန်မာ ယူနီကုတ်စနစ်ကို အသုံးပြု၍ ကွန်ပျူတာWindows စနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်မည့်အစီအစဉ်ကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်းနှင့်အဆိုပါစနစ်သည် မိုက်ခရိုဆော့ဖ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ Localization ဖြစ်အောင်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။


Windows စနစ်တစ်ခုလုံး မြန်မာစာဖြင့်အသုံးပြုနိုင်ရန် စီစဉ်ထားသည့် ယင်းစနစ်ကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တတိယနှစ် ကျောင်းသား ကိုထိန်လင်းထူးက တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကွန်ပျူတာကို မြန်မာလိုသုံးလို့ရအောင်လုပ်ထားတာပါ။ ရည်ရွယ်ချက်က မြန်မာစာတတ်သူတိုင်း ကွန်ပျူတာကို မြန်မာလိုအသုံးပြုနိုင်စေဖို့ပဲဖြစ်ပါတယ်” ဟု ကိုထိန်လင်းထူးက ဆိုပါသည်။

My Windows စနစ်သည် ရှိထားပြီးဖြစ်သည့် Microsoft Windows ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မိုက်ကရိုဆော့ဖ် လုပ်ထုံးလုပ်နည်းများနှင့် အညီ Localization လုပ်ထားခြင်းဖြစ်ပြီး ကွန်ပျူတာပေါ်တွင် ပေါ်နေသမျှ အင်္ဂလိပ်စာလုံးကို မြန်မာဘာသာဖြင့် ကြည့်နိုင်၊ မြင်နိုင်၊ ဖတ်နိုင်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကာ ဖိုင်များကိုလည်း မြန်မာဘာသာဖြင့်သိမ်းနိုင်၊ ရှာနိုင်မည်ဟု ဆိုသည်။

ထို့ပြင် My Windows စနစ်သည် အီးမေးလ်ပေးပို့ရာတွင်လည်း မြန်မာလိုပို့နိုင်ဖတ်နိုင်မည်ဖြစ်ပြီး မိမိသုံးသည့် Font နှင့်အခြားသူသုံးသော Font မတူပါကလည်း My Myanmar Unicode System အသုံးပြုထားခြင်းကြောင့် ပြဿနာမရှိနိုင်ကြောင်း သိရသည်။

My Windows စနစ်သည်လည်း မြန်မာစာကို Windows ၏ အစိတ်အပိုင်းအားလုံး၌ အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆိုသော်လည်း Windows တစ်ခုလုံး၌ Localize မလုပ်နိုင်သေးသည့်အတွက် လာမည့်အောက်တိုဘာလတွင် ၁၀ ရာခိုင်နှုန်းခန့်သာ စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မတ်လ၌ ၆၀ ရာခိုင်နှုန်း၊ ၂၀၀၈ ခုနှစ်ဇွန်လရောက်သည့် အချိန်တွင်ရာခိုင်နှုန်းပြည့် အသုံးပြုနိုင်မည်ဖြစ်သည် ဟု ဆိုပါသည်။

My Windows စနစ်ကို ၂၀၀၈ ခုနှစ်ဇွန်လနောက်ဆုံးထား၍ Windows XP နှင့် Vista အတွက်ကိုပါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည့်အတွက် Windows XP ထွက်ပြီး ခုနစ်နှစ်အကြာ၊ Vista ထွက်ပြီး တစ်နှစ်ခွဲအကြာ ပြည်တွင်းကွန်ပျူတာသုံးစွဲသူများအကြား မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Windows စနစ်ပေါ်ပေါက်လာနိုင်ဖွယ်ရှိခြင်း ဖြစ်ပြီးအိမ်နီိးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၌မူ ၎င်းတို့၏မိခင်ဘာသာစကားဖြင့် အသုံးပြုနိုင်သည့် Windows စနစ်များကို အသုံးပြုနကြပြီဖြစ်ကြောင်း သိရသည်။

(Weekly Eleven)

Read More...

မြေအောက်ရထားနှင့် ဘူတာတည်ဆောက်ခြင်းနည်းများ

ယနေ့အချိန်အခါတွင် ကမ္ဘာ့မြို့ကြီးများ အရှိန်အဟုန်ဖြင့် ကြီးမားလာမှုနှင့်အတူ ခရီးသည်ပို့ဆောင်ရေး စီးဆင်းမှုသည်လည်း အဆမတန် တိုးတက်များပြား လာနေပါသည်။ ထို့ကြောင့်
လည်ပတ်လျက်ရှိနေသည့် ခရီးသည် ပို့ဆောင်ရေး ကွန်ယက်လမ်းကြောင်း များဖြစ်သည့် ဘတ်စ်ကား၊ ထရော်လီကား နှင့် ထရန်ဘတ်စ်ကား များသည် တိုးတက်လာသော သယ်ယူပို့ဆောင်ရေး လိုအပ်မှုကို လုံလောက်အောင် မဖြည့်ဆည်းနိုင်ခြင်း၊ ဖြစ်ပေါ်နေသည့် မြို့ပြသယ်ယူ ပို့ဆောင်ရေး ပြဿနာများကို မဖြေရှင်းနိုင်ခြင်းတို့ ဖြစ်ပေါ်လာသည်။ ခရီးသွားဦးရေ များပြားလာမှု၊ သွားလာရသည့် ခရီးလမ်းကြောင်း ရှည်လျားလာမှု တို့ကြောင့် ကြန့်ကြာမည့် ခရီးသွားချိန်ကို လျော့ချနိုင်ရန် သယ်ယူပို့ဆောင်ရေး အမြန်နှုန်း မြင့်မားလာရန်လည်း လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ခရီးသွားပြည်သူများ၏ ယုံကြည်အားကိုးမှု၊ အန္တရာယ်ကင်းရှင်းမှု၊ သက်သောင့် သက်သာဖြစ်မှု တို့ကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရန် လိုအပ်လာသည်။


မြန်မာနိုင်ငံတွင်လည်း နိုင်ငံလူဦးရေ လျှင်မြန်စွာ တိုးတက်လာမှုကြောင့် မြို့ကြီးများတွင် နေထိုင်သူဦးရေနှင့် သယ်ယူပို့ဆောင်ရေးများလည်း တိုးတက် များပြားလာခြင်းနှင့်အတူ အင်ဂျင်နီယာဆိုင်ရာ ဆောက်လုပ်ရေး ပြဿနာများကို အခြေကျနေသော ဧရိယာများတွင် ဖြေရှင်းရန် လိုအပ်လာသည်။ မြို့တွင်းသယ်ယူ ပို့ဆောင်ရေးစနစ် ကောင်းမွန်မှုသည်လည်း ထိုမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် မြို့တွင်း သယ်ယူ ပို့ဆောင်ရေးများ ကောင်းမွန်ရန် အရေးကြီးသည်။ မြို့ပြသယ်ယူ ပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးမှုလိုအပ်ချက်သည် ထိုမြို့၏ လူဦးရေပေါ်တွင် မူတည်သော လက်ရှိ အဆင့်ပေါ်၌ မူတည်သည်။ မြို့များကို နေထိုင်သူဦးရေ ၂သိန်းခွဲမှ ၅သိန်းအထိကို မြို့ကြီး၊ ၅သိန်းနှင့်အထက်ကို ပို၍ကြီးသောမြို့ အဖြစ် သတ်မှတ်ကြသည်။ ရန်ကုန်မြို့၏ လက်ရှိ နေထိုင်သူဦးရေသည် ၆ သန်းခန့် ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့တော်တွင် အဓိကမြို့တွင်း သယ်ယူပို့ဆောင်ရေးအဖြစ် ဘတ်စ်ကားများနှင့် မြို့ပတ်မီးရထားများ အသုံးပြုနေပါသည်။ ထိုပို့ဆောင်ရေး အမျိုးအစားများသည် မြို့တော်၏ ခရီးသွားလာရေး ပမာဏအတွက် လုံလောက်မှု မရှိသေးပေ။ မြို့နေ လူဦးရေ တိုးတက်မှုနှုန်း ၄-၅ ဆ မြင့်တက်လာခြင်းနှင့်အတူ များပြားလာသော ဘတ်စ်ကား အရေအတွက်များကြောင့် မြို့တွင်း ကားလမ်းများတွင် မော်တော်ယာဉ်များ ပိတ်ဆို့ခြင်း၊ ကားရပ်ရန်နေရာ မလုံလောက်ခြင်းများသည် မြို့တွင်းသယ်ယူ ပို့ဆောင်ရေးကို ဖြေရှင်းရာတွင် အခြေခံအကျဆုံး ပြဿနာအဖြစ် ဦးစွာ တွေ့ကြုံရမည်။

မျက်မှောက်ကာလ၌ မြို့ကြီးများ၏ သယ်ယူပို့ဆောင်ရေး ပြဿနာများကို ဖြေရှင်းရာတွင် အခြားသော မြို့နေရာချထားမှု အခက်အခဲများနှင့် ဆက်စပ်နေခြင်းကိုသာ စဉ်းစားလာကြသည်။ ပထမဦးစွာ မြို့ပြသယ်ယူ ပို့ဆောင်ရေး ကွန်ယက် တည်ဆောက်ရေး နေရာချထားခြင်း နှင့်ပို၍ အဆင်ပြေသော ခရီးသွား ၀န်ဆောင်ခြင်း တို့အတွက် မြို့ပြနယ်နမိတ်၏ အကျယ်အ၀န်းကို ချုံ့ရန် လိုအပ်လာသည်။ လူဦးရေ ၁ သန်းနှင့် အထက်ရှိသော မြို့ကြီးများတွင် မြို့တွင်းသယ်ယူ ပို့ဆောင်ရေးအဖြစ် မြေအောက် ရထားလိုင်းများ ဆောက်လုပ်၍ ခရီးသွားလာရေး သိပ်သည်းမှု ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းလာကြသည်။ ၎င်းမြေအောက် ရထားများ၏ ထူးခြားချက်များမှာ သယ်ယူ ပို့ဆောင်နိုင်မှု စွမ်းအား ကြီးမားခြင်း၊ သွားလာနှုန်း မြန်ဆန်ခြင်း (၁နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းအထိ)၊ ရွှေ့လျားမှုနှုန်း ပုံမှန်ရှိခြင်း (ရွှေ့လျားမှု ကွာဟချိန် ၁ မိနစ်မှ ၅ မိနစ်အတွင်း) တို့ဖြစ်သည်။

မြေအောက်ရထား ဆိုသည်မှာ လျှပ်စစ်စွမ်းအားဖြင့် သံလမ်းများပေါ်တွင် ရွေ့လျားသော မြို့ပြသယ်ယူ ပို့ဆောင်ရေးယာဉ် အမျိုးအစားဖြစ်သည်။ ၎င်းမြေအောက် ရထားများတွင် သွားလာမှု အန္တရာယ် ကင်းရှင်းရေးစနစ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး၊ ခရီးသည်များကို လျင်မြန်စွာဖြင့် ပမာဏများစွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် တီထွင်ထားခြင်းဖြစ်သည်။ မြို့ကြီးအများစုတွင် မြေအောက် ရထားများသည် ၎င်းတို့၏ ကိုယ်ပိုင် အရွယ်အစားများဖြင့် တည်ဆောက်ထားသောကြောင့် သာမာန် မီးရထားများကို အသုံးပြုရန် မဖြစ်နိုင်ပေ။

ကြီးမားသော အကျိုးသက်ရောက်မှု လိုအပ်ချက်နှင့် မြို့အတော်များများတွင် မြေအောက်ရထား အသစ်များတိုးချဲ့ တည်ဆောက်နေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးတွင် မြေအောက်ရထား၏ အခန်းကဏ္ဍသည် လူဦးရေများပြားသော မြို့ကြီးများ၌ ဆက်လက်ဖွံ့ဖြိုး လာလိမ့်မည်။ မြို့များ၏ မြေပေါ်ပို့ဆောင်ရေး စွမ်းအား မလုံလောက်သောအခါ ခရီးသွား သိပ်သည်းမှုအတွက် ထိုခရီးလမ်းတွင် မြေအောက် ရထားများ တည်ဆောက်ရန် လိုအပ်လာသည်။

အတွေ့အကြုံများအရ ခရီးလမ်းကြောင်း တစ်ခုတွင် တစ်နာရီလျှင် ခရီးသည် နှစ်သောင်းနှင့် နှစ်သောင်းခွဲထက် မနည်းမှသာ မြေအောက်ရထားကို တည်ဆောက် အသုံးပြုရန် သင့်လျော်ပေသည်။ ၎င်းအရေအတွက်နှင့် ထို့ထက်ပိုမိုသော အရေအတွက်များ အတွက် မြေအောက် ရထားများသာလျှင် ခရီးသည် ပို့ဆောင် သယ်ယူရာတွင် သက်တောင့်သက်သာ အဖြစ်ဆုံး ဆောင်ရွက်ပေးနိုင်သည်။ စီးပွါးရေး ရှုထောင့်အရ တစ်နှစ်တွင် တစ်ကီလိုမီတာ အကွာအဝေး သွားလာမှုခရီး တစ်ခုအတွက် သယ်ယူပေးသည့် ခရီးသည် ပမာဏ ၆သန်း၊ ၆သန်းခွဲထက် မနည်းလျှင် အဆင်ပြေအကျိုးရှိသည်။

မြေအောက်ရထားများ၏ အဓိကကောင်းကျိုးများမှ တစ်ခုမှာ မြို့ပြနယ်နမိတ်ကို ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ မြို့ကြီးများ၏ အဆောက်အဦးများနှင့် ပြည့်နေသော မြို့လယ်အတွင်းရှိ အနုပညာ လက်ရာများဖြင့် ပြည့်စုံသော၊ သမိုင်းဝင် အထိမ်းအမှတ် အမျိုးမျိုးကို ထိန်သိမ်းထားသည့် နေရာများ၊ မြေအောက်အနက်ပိုင်းတွင်ရှိသော ရေနုတ်မြောင်းများ တည်ရှိသည့် ဧရိယာများတွင် မြေအောက်ရထား လိုင်းများကို တည်ဆောက်ရာတွင် ကုန်ကျစရိတ်မြင့်မားသော်လည်း မြေအောက်နက်သော နေရာများတွင် တည်ဆောက်ကြသည်။ အများအားဖြင့် မြေအောက်ရထားလိုင်းများ တည်ဆောက်ရာတွင် မြေအောက် တိမ်သည့်နေရာများ (မြေမျက်နှာပြင်မှ အောက်ဘက် အနက် ၁၅ မီတာ) တွင် တည်ဆောက်သည်။ မြေအောက် အတိမ်ပိုင်းရှိ မြေအောက်ရထားများ၏ တည်ဆောက်မှု ကုန်ကျစရိတ်သည် အနက်ပိုင်းမြေ အောက်ရထားကုန်ကျစရိတ်၏ တစ်ဝက်သာ ကုန်ကျသည်။ ထို့အပြင် မြေအောက်အတိမ်ပိုင်းရှိ ရထား လိုင်းများသည် ခရီးသွားများအတွက် ပို၍ သက်တောင့် သက်သာ ရှိစေသည်။

မြေအောက် ရထားလိုင်းများကို လူနေထူထပ်သော နေရာများ၊ စက်မှုဇုန်များ နှင့် ယဉ်ကျေးမှု အဆောက်အအုံ၊ နယ်မြေများ တစ်လျောက် ဖေါက်လုပ်ကြသည်။ ၎င်းတို့၏ အခြေအနေများပေါ်တွင် မူတည်၍ မြေအောက်ရထား လမ်းကြောင်းများကို မြို့၏လူဦးရေ သိပ်သည်းရာ နေရာများတွင် ဖေါက်လုပ်ပြီး၊ မြေအောက်ဘူတာများနှင့် လမ်းဆုံများကို မြို့၏ အချက်အချာကျသော ခရီးသွား များပြားသည့်နေရာများ၊ မြေပေါ် မြို့တွင်းပို့ဆောင်ရေး ကားမှတ်တိုင်များ တည်ရှိရာနေရာများတွှင် တည်ဆောက်ကြသည်။

မြေအောက်ရထား ဘူတာများသည် ခရီးသွားထူထပ်သော နေရာများတွင် တည်ရှိကြပြီး၊ ဘူတာ တစ်ခုနှင့် တစ်ခု အကွာအဝေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသော လူဦးရေသိပ်သည်းမှု ပမာဏ ပေါ်တွင် မူတည်သည်။ မြေအောက်ဘူတာများကြား အကွာအဝေးသည် မီတာ ၁၀၀၀-၂၀၀၀ ဖြစ်သည်။ မြေအောက်ဘူတာများကို လမ်းကြောင်းအဖြောင့်နေရာများတွင် တည်ဆောက်ကြပြီး၊ ဆင်ခြေလျော ၃‰ ထားရှိရမည်။ သို့သော်လည်း ခက်ခဲသော အခြေအနေများတွင် ဆင်ခြေလျော ၅‰ နှင့် လမ်းကြောင်း အကွေ့၏ အချင်းဝက် ၈၀၀ မီတာအောက် ငယ်သောနေရာများတွင်လည်း တည်ဆောက်ကြသည်။ မြေမျက်နှာပြင် ညီသော နေရာများတွင်လည်း ရေနှုတ်မြောင်းများ ထားရှိပြီး မြေအောက်ဘူတာများကို တည်ဆောက်နိုင်သည်။

ဆောက်လုပ်သည့် ပုံစံများကိုမူတည်၍ မြေအောက်ဘူတာများကို single-span, double-span, multispans, singe-arched, doudle-arched, three-arched, many-arched, one-layered နှင့် many-tier ဟူ၍ခွဲခြားနိုင်သည်။

မြေအောက် ရထားဘူတာ တည်ဆောက်ရာတွင် အသုံးပြုသည့် တည်ဆောက်ရေး ပစ္စည်းများအဖြစ် မိုနိုလစ် ကွန်ကရစ် (monolithic concrete)၊ မိုနိုလစ် သံကူကွန်ကရစ် (monolithic reinforced concrete)၊ ပုံသွန်း သံထည်များ (cast-iron tubes)၊ သံမဏိယက်မများ (steel girders) နှင့် သံကူကွန်ကရစ် ဘလောက်များ (reinforced blocks) ကို အသုံးပြုကြသည်။ မျက်မှောက်ကာလတွင် ကျယ်ပြန့်စွာ အသုံးပြုမှု အများဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး တည်ဆောက်ရေး ပစ္စည်းအဖြစ် စက်ရုံများတွင် ထုတ်လုပ်သော သံကူကွန်ကရစ် ဘလောက်တုံးများကို အသုံးပြုသည်။

မြေအောက်ရထား ဘူတာများကို တည်ဆောက်သည့် ဒေသ၏ ဘူမိဗေဒ၊ မြေအောက်ရေနှင့် ဘူမိအခြေအနေများ၊ မြို့ပြ အဆာက်အဦး တည်ရှိမှု အနေအထားများ ပေါ်တွင်မူတည်၍ မြေအောက် အနက်ပိုင်း (Deep)၊ အတိမ်ပိုင်း (shallow) နှင့် မြေပေါ် (surface) ဘူတာများ အဖြစ် တည်ဆောက်ကြသည်။

မြေအောက်ဘူတာ ဆောက်လုပ်ရာတွင် ဆောက်လုပ်မှု နည်းလမ်းများ အဖြစ် မာကြောသော မြေသားများတွင် ယမ်းဖောက်ခွဲသော နည်းလမ်းကိုသုံး၍ (drilling and blasting method)၊ ပျော့သောမြေနေရာတွင် TBM(shield) ဖြင့်ဖေါက်လုပ်သော နည်းလမ်းကို အသုံးပြုသည်။ ရှုပ်ထွေးသော မြေအောက်ရေ အနေအထားနှင့် ဘူမိအခြေအနေတွင် မြေကြီးကို ထိန်းထားပေးနိုင်မည့် အမျိုးမျိုးသော အခြားနည်းလမ်း များကိုလည်း အသုံးပြုသည်။

မြေအောက် အတိမ်ပိုင်းရှိ အဖွင့်နည်း (cut and cover method) ဖြင့် ဆောက်လုပ်သော မြေအောက် ရထား ဘူတာများကို ၎င်းတို့၏ ဆောက်လုပ်သည့် ပုံစံကိုမူတည်၍ တိုင်များ ( column ) ပါသောဘူတာများ နှင့် single-arched ဘူတာများဟူ၍ ခွဲခြားနိုင်သည်။ မြေအောက်အနက် တိမ်သောနေရာတွင် တည်ရှိသော မြေအောက် ဘူတာ ဆောက်လုပ်ရေးတွင် ပေါင်းစပ် သံကူကွန်ကရစ် သို့မဟုတ် မိုနိုလစ် သံကူကွန်ကရစ် များကိုသုံးပြီး၊ ဆောက်လုပ်ပြီးလျင် တူးထားသည့်မြေများကို အဆောက်အဦး အပေါ်မှ ပြန်၍ဖို့သည်။ ၎င်းနည်းဖြင့် တည်ဆောက်သော three-span မြေအောက်ရထား ဘူတာများတွင် ပေါင်းစပ်သံကူကွန်ကရစ် (combined concrete) ဖြင့် ပြုလုပ်ထားသော ယက်မများကို တွင်ကျယ်စွာ အသုံးပြုကြသည်။

အဖွင့်နည်းဖြင့် ဆောက်လုပ်ခြင်းကို ကတလာဘန် (foundation ditch)၊ တရန်ရှေး (trench) နှင့် ရွေ့လျားအထောက်များ (Movable lining) အသုံးပြုခြင်းဟူ၍ ခွဲခြားနိုင်သည်။ ကတလာဘန်ဖြင့် ဆောက်လုပ် သောနည်းတွင် တစ်ပြိုင်နက်တည်း လိုချင်သည့် မြေအောက်အနက် အထိတူးပြီး ဆောက်လုပ်ခြင်း ဖြစ်သည်။ တရန်ရှေး နည်းလမ်းမှာမူ ဦးစွာမြေအောက် အဆောက်အဦး၏ နံရံများကို ဆောက်လုပ်ပြီး၊ နောက်မှ ကျန်သည့် အစိတ်အပိုင်းများကို တည်ဆောက်ကာ မြေကြီး ပြန်လည်ဖို့ရသော နည်းဖြစ်သည်။ ရွေ့လျား အထောက်သုံး နည်းလမ်းတွင် မြေအောက် ဆောက်လုပ်ရေးကို အထူး ပြုလုပ်ထားသော မျက်နှာပြင်အပွင့် shield များကိုသုံး၍ တပ်ဆင်ပြီးကွန်ကရစ်နံရံ (lining) များ၏ အကူအညီဖြင့် ထို shield များက ရွေ့လျားကြသည်။

မြေအောက်အနက် ၁၀ မီတာ အထိတွင် တည်ရှိသော မြေအောက် ဘူတာများ၊ ၎င်းအပြင် မြေအောက်အနက် ၂၀ မီတာ အထိပါ ကတလာဘန် များဖြင့် တည်ဆောက်သည်။ ယခုအခါ တရန်ရှေး နည်းဖြင့် ဆောက်လုပ်မှုသည် မြေအတွင်းနံရံ (wall in the ground) ဟူသော နည်းလမ်းအဖြစ် သီးခြား ရပ်တည်လာသည်။ မြို့အတွင်း မြေအောက်ရထား ဘူတာများ တည်ရှိမှုပေါ် မူတည်၍ ကတလာဘန်များကို ဆင်ခြေလျောများ သို့မဟုတ် နံရံဖြင့်ထိန်းပြီး တူးဖေါ်ကြသည်။

မြေအတွင်းနံရံ နည်းလမ်းသည် တည်ရှိပြီး အဆောက်အဦးများနှင့် နီးကပ်သောနေရာတွင် အလွန်နက်သော ကတလာဘန်များ ဆောက်လုပ်ရာတွင် အဆင်ပြေစွာ အသုံးပြုနိုင်သည်။ ထိုနည်းတွင် ဆောက်လုပ်ရေးအတွက် စက်ကိရိယာ အမျိုးအစားအသစ်များ အသုံးပြုရန် မလိုဘဲ၊ ပုံမှန် တည်ဆောက်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် အထောက်အကူ ပစ္စည်းများကို အသုံးပြုနိုင်သည်။

လက်တွေ့ဆောက်လုပ်ရေး နယ်ပယ်တွင် မြေအတွင်းနံရံ နည်းပညာ လျင်မြန်စွာ တိုးတက်လာခြင်းမှာ ဆောက်လုပ်မှုရိုးရှင်း လွယ်ကူခြင်း၊ လုပ်အားအသုံးပြုမှု နည်းပါးခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း တို့ကြောင့် ဖြစ်သည်။ ထိုအချက်များကြောင့် အဆောက်အဦးများဖြင့် ပြည့်နေသော နေရာများနှင့် စက်မှုလုပ်ငန်း နယ်မြေများတွင် မြေအောက် တည်ဆောက်ရေး လုပ်ငန်းများ၌ အခြားမြေအောက် ဆောက်လုပ်ရေး နည်းလမ်းများထက် ဤမြေအတွင်းနံရံ နည်းလမ်းကို အသုံးပြုမှု ပိုမိုများပြားလာကြပြီ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။



ဆောင်းပါရှင်- ထွန်းထွန်းနိုင်(မြို့ပြ)

ဝန်ခံချက်။ ။ကျွန်တော်ရေးတာမ ဟုတ်ပါ ကြိုက်လွန်လို့ပါ...

Read More...

ကင်မ်ဂျုံအီလ်ကျန်းမာရေး အခြေအနေမကောင်း

August 28, 2007

မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ တောင်ကိုရီးယားသတင်းစာများက အမျိုးမျိုး မှန်းဆရေးသား ဖေါ်ပြနေသည်ဟု သိရသည်။ ယခုသီတင်းပတ် စောစောပိုင်းက ကင်မ်ဂျုံအီလ်ကို ပြုံယမ်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံနေပုံကို ဓါတ်ပုံရိုက် ဖေါ်ပြခဲ့သည်။ တောင်ကိုရီးယား သတင်းစာ Chosun llbo က အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင်သည် ဆံပင်များကျွတ်ပြီး အသားအရေ ခြောက်ခန်းက ပို၍ပိန်လာသည့် ပုံပေါက်နေကြောင်း ရေးသားဖေါ်ပြခဲ့သည်။ ခေါင်အာအီလ်ဘိုသတင်းစာကလည်း ပိန်ချုံးချည့်နဲ့နေသော ကင်မ်ဂျုံအီလ် ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖေါ်ပြခဲ့သည်။ ၎င်းသတင်းစာနှစ်စောင်စလုံးက ကင်ကျန်းမာရေးမကောင်းကြောင်း ရေးသားခဲ့ရာ၌ ကင်မ်ဂျုံအီလ်သည် ဆီးချိုရောဂါရှိသည်ဟု သိရပြီး နှလုံးခွဲစိတ်မှုလည်း ခံရပြီးကြောင်း၊ ၎င်းရုတ်တရတ် သေဆုံးပါက ၎င်းကို ဆက်ခံမည်သူ ရွေးချယ်ရေး ပြဿနာ ရှိလာနိုင်ကြောင်း ဖေါ်ပြခဲ့သည်။ အချို့က ၎င်း၏ ဒုတိယသား ဆက်ခံနိုင်ကြောင်း အချို့ကလည်း စစ်ဖက်အရာရှိများ ဆက်ခံမည်ဟု ထင်ကြေးပေးနေကြသည်။

Read More...

ချန်ပီယံပဲကွ

မာဒေးကားဖလားဗိုလ်လုပွဲ တွင် အိမ်ရှင်မလေးရှားနှင့် မြန်မာအသင်း တို့ဟာ မလေးရှားနိုင်ငံ ရှာအလမ်ကွင်းမှာ
၂၉.၈.၂၀၀၇ ရက် နေ့ မှာ ယှဉ်ပြိုင် ကစားကြ တော့မှာပါ။ မြန်မာအသင်းဟာ ဇင်ဘာဘွေအသင်းကို ၃-၁ ဖြင့်၎င်း၊
မလေးရှားအသင်း ဟာလည်း စကာင်္ပူအသင်း ကို ၃-၁ ဖြင့်ပင် အသီးသီးအနိုင် ရရှိ ပြီးနောက် ဆုံးဗိုလ်လု ပွဲ ကို
တက်ရောက် လာကြတာပါ။ ဘရာဇီး နည်းပြ သစ်ရဲ့ ကွပ်ကဲ မှူ အောက် က မြန်မာအသင်းရဲ့ ခြေစွမ်းကို ပဲ ရင်ခုံ
စွာနဲ့စောင့်ကြည့် ရတော့မှာ ပါ။

Read More...

Read More...