အိုရှက်လိုက်တာ

စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာမီရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ပဲ ကျယ်လောင်သောသေနတ်ပစ်သံများကို ကြားလိုက်ရသည့် အခါ ချစ်သူမိန်းကလေး


တုန်လှုပ်လန့်ဖျံသွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏။သူတို့နားက စစ်သားများ ပြုံးကြလေ၏ ။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှရုန်းထွက်လိုက်၏။"ဒီလောက်ထိ လန့်သွားမယ်လို့ မထင်မိဘူး၊ ရှက်လိုက်တာကွယ်"ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့်ဆက် ပြောလိုက်၏ ။"ကဲအချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်တဲ့ နေရာ သွာကြရအောင်" တဲ့။


1 ဒီလိုမြင်တယ်:

Armysoul said...

မရှက်ပါနဲ့။ မင်းတုန်းမင်း မိဖုရားများတာဟာ ဘာ့ကြောင့်ဆိုတာ သိမှာပါ။ နန်းတော်အ၀မှာတောင် အမြောက်(၂)လက် ချထားတာကြည့်ပေါ့..