မြန်မာတို့ရဲစေတနာ

မော်လမြိုင်မှ နေပြည်တော်သို့ လာခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ရထားပေါ်


တင်ပဲ ဗိုက်နာပြီးကလေးမွေးတော့.. ရထားပေါ်ခရီးသည်တွေက သူတစ်ထောင် ငါတစ်ထောင် မျိုးနိုင်သလောက် ကူညီ လှူ ဒါန်းကြတာတွေ့ရပါတယ်။ အားလုံး ၁သိန်းလောက်ရသွားမယ်ထင်ပါတယ်။ မော်လမြိုင် နေပြည်တော် ရထားက တွဲဆိုင်း ၃ ဆိုင်းသာရှိပါတယ်။မိခင်ရောကလေးပါကျန်းကျန်းမာမာပါဘဲ။ သို့သော်လည်း သူတို့ကြည့်ရတာ နွမ်းပါးတဲ့ပုံပါ။ အနှီးတွေ ဘာတွေလည်းမရှိ။ ရထားစီးခရီးသည်တွေက လုံချည်တွေပေးကြ။ အဲဒီလုံချည်တွေကိုပဲ အနှီးအဖြစ်ထုပ်ထား။ရထားပေါ်မွေးတဲ့ကလေးကို ရထားစီးခရီးသည်တွေက ပဲ အမည် ပေးလိုက်ကြတာ က နေပြည်တော်တဲ့။အဖ-မောင်ဘထွန်း အသက် ၂၃ နှစ်အမိ-မ စုလှိုင် အသက် ၂၃ နှစ်ကလေး- မောင်နေပြည်တော်.မွေးရာဌာန..မော်လမြိုင် - နေပြည်တော် အစုန် ၁၈ . ဒုံးဝန်း ဘူးတာ အနီးမွေးနေ့... ၂၀-၆-၂၀၀၇ (နံနက် ၁၀ နာရီ- ၁၀ မိနစ်)အမှတ်တမဲ့ခရီးမှ အမှတ်တရ ဖြစ်သွားတာက အကူအညီ လိုရင် လျှင်စွာမနှေး ကူညီပေးတာ တို့မြန်မာတွေရဲ့ စေတနာ အမှန် ပဲ မဟုတ်လား။

1 ဒီလိုမြင်တယ်:

army soul said...

ကောင်းတယ်။ ဒါမှ မြန်မာကွ !