အဝေးရောက်ကန်တော့ခြင်း

ဟိုအရင်
မွေးမေနှင့်နီးပါသော်လည်း
ဂရုမထားအမေ့ချစ်ခြင်း
ဘာမှန်းမသိခဲ့...
မွေးမေနှင့်နီးပါသော်လည်း
သတိထားကာအခါရက်ကြီး
ဘာမှန်းမသိ...
မွေးမေနှင့်ဝေးသောခါမှ
အမေ့ချစ်ခြင်း ဘာမှန်းသိခဲ့
အခါရက်ကြီး ဘာမှန်းသိခဲ့
ဘာမှန်းသိလည်း ရောက်နေခဲ့ပြီ
အဝေးတနေရာ
အခုတော့
ဝေးမှသိတဲ့သားမို့
အခါရက်ကြီးသူများနည်းတူ
လက်စုံမိုးကာ ကဗျာလေးနှင်
့ကန်တော့ပါ၏။
အဝေးရောက်သား....
ဒီကဗျာကိုကျွန်တော် နယ်စပ်မှာတာဝန်ကျနေချိန် သင်္ကြန်တွင်းမှာရေးခဲ့တာပါ။


Type the rest of your post here.

0 ဒီလိုမြင်တယ်: