အယူအဆလေးများ

ကျွန်တော်ဟာ စစ်သားအရင့်အမာကြီး မဟုတ်ပေမယ့် ကျွန်တော့အတွေ့အကြုံလေးကို ပြောပြခြင်ပါတယ်။ သူငယ်ချင်းဘော်ဘော် တွေဆိုကြုံဖူး ခြင်ကြုံ ဖူးကြမှာပါ။ ကျောင်း ဆင်းပြီးတော့ ကျွန်တော်တို့ဟာ လက်တွေ့ ဘ၀ အတွေ့အကြုံ တွေပေးမဲ့တပ်ရင်းတပ်ဖွဲ့တွေ ရောက် ကြပါတယ်။ဒီ လိုနဲ့တပ်ရောက် ပြီးမကြာခင် မှာ ကျွန်တော်တပ် တာဝန် ထမ်းဆောင်နေတဲ့ တာချီလိတ်နဲ့ သိပ်မဝေးတဲ့ မြန်မာ-ထိုင်း နယ်စပ်ကို ရောက်ခဲ့ပါတယ်။ အဲဒီ ကျွန်တော် ရောက်ခဲ့တဲ့တပ်စခန်း မှာ ဧည့်တဲ တစ်လုံးကို စခန်းအ၀င်ဝ နားမှာဆောက် ထားတာရှိပါတယ်။ တစ်နေ
ကျွန်တော်နဲ့ တတပ်တည်း တာဝန်ကျတဲ့ ဘော်ဘော် နှင့် ဧည့်တဲ မှာထိုင်ပြီး စကားတွေ(@#$^*&) ပြောနေရင်နဲ့ ကျွန်တော် ဟာ တဲထဲက စားပွဲကို ဘာရယ်မဟုတ် ခေါက်ပြီးပြောနေ မိပါတယ်။ ဒါအမှတ်မထင် မေ့မေ့ ပြောက်ပြောက် ပါပဲ။ နောက် နေ့မနက်မှာ တပ်ရင်းမှူး အလုပ်ရှုပ်တော့တာပဲ ဘာလို့လဲဆိုတော့ စခန်းပတ်ဝန်းကျင်နားက ရွာက ရွာသူတစ်ယောက် ကို ထိုင်းဘက်ခြမ်း က ရွာက ရွာသားတစ်ယောက်က တူမီး (လက်လုပ်သေနတ်) နဲ့ပစ် ပြီး ဆိုင်ကယ် လုဖို့ ကြိုးစား တာကိုလာတိုင် တာ ။ တစ်နေ့လုံး တပ်ရင်းမှူး ခေါင်းခြောက် သွားလောက် တယ်။ကျွန်တော်လည်း ဘယ်ရမလည်း ဘယ်သူမှ မပြောပဲနေလိုက်တာပေါ့..။ တပ်ရင်းမှူး သာသိခဲ့ရင် အဆူခံရမှာသေချာပါ ပဲ ။အဲဒါခုံခေါက်တဲ အတွေ့အကြုံ ပါ။
ဒုတိယအတွေ့အကြုံလေးကတော့ ကျွန်တော်စီးတဲ့ တောစီးဖိနပ် ကိုလျှော် လိုက်မိလို့ ပါပဲ။ တောစီးဖိနပ် ကိုလျှော်ပြီး လှန်ထားတဲ့အချိန်မှာ ပဲ ဆရာကြီးတစ်ယောက်ရဲ့ အသံကိုကြားလိုက် ရပါ တယ်“ဟေ..ဘယ်သူဖိနပ်လျှော်ထားလဲမသိဘူး..ဟေ..ဟေး”ဆိုပြီးအော်တာကို။ ဘာလို့ဒီလိုပြောတာလဲပေါ့ စဉ်စားမိပါသေးတယ်။ ညနေ ၅း၀၀ လောက်မှာတော့ တပ်ရင်းမှူးက ကျွန်တော်ကိုခေါ် ပြီး “ မင်းအခု ပဲတိုင်းမှူး ခရီးစဉ်ရှိ တယ် လမ်းလုံခြုံရေး ထွက်ရ မယ် ” လို့ပြောတော့ တာပဲ။ ဖိနပ်တောင် လျှော်ထားတာ သိပ်မခြောက်သေး ဘူး အဖြေက ထွက်တော့တာပါပဲ ။ လမ်းမှာ မနက် ကပြောတဲ့ ဆရာကြီး က ဗိုလ်ကြီးတို့ ကဒါတွေ ဘယ်သိ အုံးမလဲ လို့နားလည်ပေးရှာ ပါတယ်။ဒါလေးတွေကို တိုက်ဆိုင်မှု ပဲ ပြောပြော၊ အယူအဆလေးတွေ လို့ပဲ ပြောပြော ကျွန်တော်ကတော့ ကိုယ်တိုင် ကြုံ ပြီး မှတ်မှတ် သားသား ဖြစ်ခဲ့ပါတယ်။

0 ဒီလိုမြင်တယ်: